PATHLAB တွင် ကျွန်ုပ်တို့သည် ဖောက်သည်များ၏ အဆင်ပြေချောမွေ့မှုသည် မည်မျှအရေးကြီးကြောင်း နားလည်ပါသည်။ ထို့ကြောင့် ဖောက်သည်များအနေဖြင့် မိမိတို့၏ အိမ်မှထွက်ခွာရန်မလိုဘဲ အရည်အသွေးမြင့် ကျန်းမာရေးစောင့်ရှောက်မှုကို ရရှိနိုင်စေရန်အတွက် ကျွန်ုပ်တို့၏ ကျွမ်းကျင်နည်းပညာရှင်အဖွဲ့ကိုယ်တိုင် လာရောက်၍ နမူနာ (Sample) ကောက်ယူပေးခြင်း ဝန်ဆောင်မှုကို ပေးအပ်လျက်ရှိပါသည်။
ကျွန်ုပ်တို့သည် နမူနာပစ္စည်းများကို ကိုင်တွယ်ထိန်းသိမ်းရာတွင် ဆေးဘက်ဆိုင်ရာ စံနှုန်းများကို တိကျစွာ လိုက်နာပြီး တိကျသော စစ်ဆေးမှုရလဒ်များ ရရှိစေရန် ခေတ်မီဓာတ်ခွဲခန်း နည်းပညာများကို အသုံးပြုပါသည်။
သတ်မှတ်ချက်နှင့်ကိုက်ညီသော ဝန်ဆောင်မှုအတွက် ငွေတောင်းခံလွှာ (Invoice) များသည် နမူနာကောက်ယူခ အထောက်အပံ့ (Subsidies) ရယူရန် အကျုံးဝင်သဖြင့် ဖောက်သည်များ၏ အပိုကုန်ကျစရိတ်များကို လျှော့ချပေးနိုင်မည် ဖြစ်ပါသည်။