<br />
<b>Warning</b>:  Trying to access array offset on value of type bool in <b>/home/ns13wpsites/public_html/www-pathlab-com-mm/wp-content/themes/ns-pathlab/header.php</b> on line <b>364</b><br />
One-Stop Healthcare Centre

စိတ်ဖိစီးမှုက သင့်ရဲ့ ခန္ဓာကိုယ်ကို ထိခိုက်နိုင်တာ သိပြီးပြီလား?

Our Services
စိတ်ဖိစီးမှုက သင့်ရဲ့ ခန္ဓာကိုယ်ကို ထိခိုက်နိုင်တာ သိပြီးပြီလား?

စိတ်ဖိစီးမှုက သင့်ရဲ့ ခန္ဓာကိုယ်ကို ထိခိုက်နိုင်တာ သိပြီးပြီလား?
လူတိုင်းရဲ့နေ့စဉ်ဘဝထဲမှာ အလုပ်အကိုင်ဖိအားတွေ၊ မိသားစုကိစ္စတွေ၊ 💰ငွေကြေးပြဿနာတွေ၊ အနာဂတ်အတွက် စိုးရိမ်ပူပန်မှုတွေကြောင့် စိတ်ဖိစီးမှု (Stress) ကို မလွဲမသွေ တွေ့ကြုံခံစားရလေ့ရှိပါတယ်။ 🙅‍♀️စိတ်ဖိစီးမှုကြောင့် စိတ်ပိုင်းဆိုင်ရာကို ထိခိုက်ရုံသာမက ခန္ဓာကိုယ်ကျန်းမာရေးကိုပါ တိုက်ရိုက်ထိခိုက်စေနိုင်ပါတယ်။
📍စိတ်ဖိစီးမှုက လူ့ခန္ဓာကိုယ်ကို ဘယ်လိုမျိုးထိခိုက်စေလဲ
စိတ်ဖိစီးမှုကို ရေရှည်ခံစားနေရမယ်ဆိုရင် ခန္ဓာကိုယ် အစိတ်အပိုင်းများစွာကို ထိခိုက်စေနိုင်ပါတယ်။
💠ဦးနှောက်နဲ့ စိတ်ပိုင်းဆိုင်ရာအတွက် မှတ်ဉာဏ်လျော့နည်းခြင်း၊ အာရုံစူးစိုက်မှုလျော့နည်းခြင်း၊ စိတ်ဓာတ်ကျခြင်း၊ စိုးရိမ်စိတ်လွန်ကဲခြင်း
💠နှလုံးနဲ့ သွေးလည်ပတ်မှုစနစ်အတွက် သွေးဖိအားမြင့်တက်ခြင်း၊ နှလုံးခုန်မြန်ခြင်း၊ နှလုံးရောဂါအန္တရာယ် မြင့်တက်ခြင်း
💠အစာခြေစနစ်အတွက် ဝမ်းဗိုက်အောင့်ခြင်း၊ အစာမကြေခြင်း၊ ဝမ်းချုပ်၊ ဝမ်းလျှောခြင်း၊ အစားစားချင်စိတ်မရှိခြင်း (သို့) အလွန်အကျွံစားခြင်း
💠အိပ်စက်ခြင်းအတွက် အိပ်မပျော်ခြင်း၊ ညဘက်တွင် မကြာခဏနိုးနေခြင်း၊ မနက်ခင်းတွင် ပင်ပန်းနွမ်းနယ်နေခြင်းတို့ကို ခံစားရနိုင်ပါတယ်။
📍စိတ်ဖိစီးမှုကို ဘယ်လိုနည်းလမ်းတွေနဲ့ လျော့ချမလဲ
စိတ်ဖိစီးမှုကို လျော့ချနို်င်ဖို့အတွက် လွယ်ကူပြီး လက်တွေ့ကျတဲ့ နည်းလမ်းလေးတွေကတော့…
🍀ဝင်လေထွက်လေကို ရှုမှတ်ပါ >> တရားထိုင်ခြင်း၊ မိမိအတွေးတွေကို စောင့်ကြည့်လေ့လာခြင်းနှင့် အတိတ်ကိုရော အနာဂတ်ကိုရောမတွေးဘဲ လက်ရှိပစ္စုပ္ပန်မှာ နေထိုင်ခြင်းတို့ကို ပြုလုပ်ပါ။
🍀အသက်ရှူလေ့ကျင့်ခန်းပြုလုပ်ပါ >> အသက်ကိုတဝကြီးရှူသွင်းပြီး ဖြည်းဖြည်းချင်းပြန်ရှူထုတ်ပါ။
🍀ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းပြုလုပ်ပါ >> စက်ဘီးစီးခြင်း၊ လမ်းလျှောက်ခြင်း၊ Yoga ‌ဆော့ခြင်း၊ Gym ဆော့ခြင်းတို့ ပြုလုပ်ပါ။
🍀သီချင်းနားထောင်ပါ >> စိတ်ချမ်းသာပျော်ရွင်စေတဲ့ သီချင်းများ နားထောင်ပေးပါ။
🍀စိတ်ခံစားချက်များကို ချရေးလိုက်ပါ >> စိတ်ထဲမှာ စုပုံနေတဲ့ စိုးရိမ်မှုတွေကို စာအဖြစ် ရေးချလိုက်ပါ။
စိတ်ဖိစီးမှုဆိုတာ မမြင်ရပေမဲ့ ခန္ဓာကိုယ်ကို ထိခိုက်ပျက်စီးစေတာကြောင့် မိမိစိတ်ကို 🧘‍♀️ဖြေလျော့ဖို့ အနားယူဖို့ မမေ့သင့်ပါဘူးနော်။ စိတ်ကိုဂရုစိုက်တာက ခန္ဓာကိုယ်ကို ဂရုစိုက်တာနဲ့ အတူတူပဲဖြစ်ပါတယ်။ နေ့စဉ်ဘဝထဲမှာ စိတ်အေးချမ်းတည်ငြိမ်ဖို့အတွက် အချိန်အနည်းငယ်ပေးလိုက်ခြင်းက
ကျန်းမာရေးအတွက် 🎯အကြီးမားဆုံး ရင်းနှီးမြှုပ်နှံမှုတစ်ခုပဲ ဖြစ်ပါတယ်ရှင်။
……………………………………………..
We care for your health.
ဗိုလ်တထောင်မြို့နယ်
အမှတ် (၁၃၇)၊ အနော်ရထာလမ်းနှင့် ၄၈လမ်းထောင့် (ပါရဂူဆေးရုံမျက်စောင်းထိုး)
09 882 881 740 / 09 882 881 750 / 09 882 881 760
တာမွေမြို့နယ်
အမှတ် (၁၆)၊ ကျိုက္ကဆံလမ်းနှင့် မအူကုန်းလမ်းကျယ်ထောင့် (အလုပ်သမားဆေးရုံအနီး)
09 420 010 788 / 09 420 010 789 / 09 420 100 178

PATHLABMyanmar #medicalcheckup #HealthPromotion #healthknowledge #stress

Our Testimonials