လတ်တလော အိမ်နီးချင်း ထိုင်းနိုင်ငံမှာ ကူးစက်မှုတွေရှိနေတယ်လို့ သတင်းထွက်ပေါ်နေတဲ့ မြေတုပ်ကွေး ရောဂါအကြောင်းကို မိဘပြည်သူများ ကြိုတင်သတိထားနိုင်ရန်အတွက် ဗဟုသုတအဖြစ် မျှဝေပေးလိုက်ပါတယ်ရှင်။
မြေတုပ်ကွေးရောဂါ (Melioidosis) ဆိုတာ ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ သာမန်တုပ်ကွေးမဟုတ်ပါဘူးနော်။ 🦠Burkholderia pseudomallei လို့ခေါ်တဲ့ ဘက်တီးရီးယားပိုးကြောင့် ဖြစ်ပွားတဲ့ ပြင်းထန်ကူးစက်ရောဂါတစ်ခုပါ။ ဒီဘက်တီးရီးယားဟာ မြေကြီးနဲ့ ရေဆိုး ရေညစ်တွေထဲမှာ အဓိက နေထိုင်ပြီး ရောဂါကူးစက်ခံရပြီဆိုရင်….
သူ့ရဲ့ လက္ခဏာတွေကတော့
📌အပြင်းအထန်ဖျားခြင်း
📌ခေါင်းကိုက်ခြင်း
📌ချောင်းဆိုးခြင်းနဲ့ ရင်ဘတ်အောင့်ခြင်း
📌ပိုးဝင်တဲ့နေရာမှာ အနာစိမ်းကဲ့သို့ဖြစ်ခြင်း
📌သွေးထဲကို ရောဂါပိုးရောက်သွားမယ်ဆိုရင် သွေးဆိပ်တက်ပြီး အသက်အန္တရာယ် အလွန်စိုးရိမ်ရသည့် အခြေအနေဖြစ်သွားနိုင်ပါတယ်။
မြေတုပ်ကွေးရောဂါ 🖲ကူးစက်စေနိုင်သော အကြောင်းအရင်းများ
ဒီရောဂါဟာ လူတစ်ဦးကနေ တစ်ဦးကို ကူးစက်ဖို့ ခဲယဉ်းပြီး ပတ်ဝန်းကျင်ကနေ အောက်ပါအတိုင်း ကူးစက်နိုင်ပါတယ်။
👉ခြေလက်တွေမှာ ရှိတဲ့ ထိခိုက်ရှနာ၊ ပွန်းပဲ့နာတွေကတစ်ဆင့် မြေကြီး ဒါမှမဟုတ် ရေညစ်တွေနဲ့ ထိတွေ့မိရာက ကူးစက်ခြင်း
👉ဘက်တီးရီးယားပါတဲ့ ဖုန်မှုန့် (သို့) ရေမှုန်ရေမွှားတွေကို ရှူရှိုက်မိခြင်း
👉ရောဂါပိုးပါတဲ့ မသန့်ရှင်းတဲ့ရေကို သောက်သုံးမိခြင်းတို့မှ ကူးစက်နိုင်ပါတယ်။
🌧မိုးရာသီလည်း ရောက်တော့မှာဆိုတော့ မြေတုပ်ကွေးရောဂါကို ကာကွယ်ရန်နည်းလမ်းများကတော့….
လက်ရှိမှာ ကာကွယ်ဆေး မရှိသေးတာကြောင့် အောက်ပါအတိုင်း ကြိုတင်ကာကွယ်ရပါမယ်။
🛡️အထူးသဖြင့် လယ်ယာစိုက်ပျိုးရေး လုပ်ကိုင်သူများအနေဖြင့် မြေကြီး (သို့) ရေအိုင်တွေထဲ ဆင်းရမယ်ဆိုရင် လည်ရှည်ဖိနပ်နှင့် လက်အိတ်များကို မဖြစ်မနေ ဝတ်ဆင်ပါ။
🛡️အရေပြားမှာ ထိခိုက်ရှနာ၊ ပွန်းပဲ့နာရှိရင် မြေကြီး၊ ရေညစ်တွေနဲ့ မထိတွေ့အောင် ပတ်တီးစနစ်တကျ စည်းထားပါ။ ထိတွေ့မိပါက ဆပ်ပြာနဲ့ ချက်ချင်း စင်ကြယ်အောင် ဆေးကြောပေးပါ။
🛡️အပြင်က ပြန်လာတိုင်း (သို့) မြေကြီးကိုင်ပြီးတိုင်း ခြေလက်များကို စနစ်တကျ ဆေးကြောပါ။
🛡️မသန့်ရှင်းသောရေကို တိုက်ရိုက်သောက်သုံးခြင်းမှ ရှောင်ကြဉ်ပါ။
အကယ်၍ သင့်မှာ အကြောင်းရင်းမရှိဘဲ ဖျားနာတာ၊ အနာတွေ ထွက်လာတာမျိုး ကြုံတွေ့ရရင် မပေါ့ဆဘဲ နီးစပ်ရာ 🏥ကျန်းမာရေးဌာနသို့ အမြန်ဆုံး တိုင်ပင်ဆွေးနွေး ကုသမှုခံယူပါရန် တိုက်တွန်းလိုက်ရပါတယ်ရှင်။
…………………………………….
We Care for Your Health.
🏤ဗိုလ်တထောင်မြို့နယ်
အမှတ် (၁၃၇)၊ အနော်ရထာလမ်းနှင့် ၄၈လမ်းထောင့် (ပါရဂူဆေးရုံမျက်စောင်းထိုး)
📞 09 882 881 740 / 09 882 881 750 / 09 882 881 760
🏤တာမွေမြို့နယ်
အမှတ် (၁၆)၊ ကျိုက္ကဆံလမ်းနှင့် မအူကုန်းလမ်းကျယ်ထောင့် (အလုပ်သမားဆေးရုံအနီး)
📞09 420 010 788 / 09 420 010 789 / 09 420 100 178
