သွေးပေါင်ချိန် မြင့်နေရင် ခန္ဓာကိုယ်ရဲ့ ဘယ်အစိတ်အပိုင်းတွေကို ထိခိုက်စေနိုင်လဲ?
သွေးပေါင်ချိန်မြင့်ခြင်း (သို့) သွေးတိုးခြင်းဟာ သွေးကြောထဲမှာရှိတဲ့ သွေးဖိအားတွေ သာမန်ထက် များနေတဲ့ အခြေအနေဖြစ်ပါတယ်။ အပေါ်သွေး (၁၄၀) ၊ အောက်သွေး (၉၀) နဲ့အထက်မြင့်နေပြီဆိုရင် သွေးပေါင်ချိန် မြင့်နေတယ်လို့ သတ်မှတ်နိုင်ပါတယ်။
သွေးပေါင်ချိန်မြင့်နေရင်….
၁။ 🧠ဦးနှောက်ကို ထိခိုက်စေပါတယ်။
လေဖြတ်ခြင်း (Stroke)၊ခေါင်းကိုက်ခြင်း၊ ခေါင်းမကြည်ခြင်းနှင့် ဦးနှောက်သွေးကြော ပေါက်ခြင်း၊ ပိတ်ဆို့ခြင်းများ ဖြစ်စေနိုင်ပါတယ်။
၂။ 🫀နှလုံးကို ထိခိုက်စေပါတယ်။
နှလုံးရောဂါ၊ ရုတ်တရက် နှလုံးရပ်တန့်ခြင်းတို့ ဖြစ်စေနိုင်ပါတယ်
၃။ 🫘ကျောက်ကပ်ကို ထိခိုက်စေပါတယ်။
ကျောက်ကပ်ရဲ့ သွေးကြောသေးသေးလေးတွေ ပျက်စီးနိုင်တာကြောင့် ကျောက်ကပ်လုပ်ဆောင်ချက် လျော့နည်းခြင်း၊ ကျောက်ကပ်ပျက်စီးခြင်း၊ ဆီးထဲ သွေးပါခြင်းတို့ ဖြစ်တတ်ပါတယ်။
၄။ 👁မျက်စိကို ထိခိုက်စေပါတယ်။
မျက်စိမှုန်ခြင်း၊ မျက်စိသွေးကြောပျက်စီးခြင်းနှင့် မျက်စိကွယ်ခြင်းတို့ ဖြစ်စေနိုင်ပါတယ်။
သွေးပေါင်ချိန် မြင့်စေတဲ့ အကြောင်းအရင်းတွေကတော့…
🚫ငန်သောအစားအစာများ အလွန်အမင်းစားသုံးခြင်း
🚫ဆီပြန်၊ အဆီများသော အစားအစာများ စားသုံးခြင်း
🚫စိတ်ဖိစီးမှုများခြင်း
🚫အဝလွန်ခြင်း
🚫ကိုယ်လက်လှုပ်ရှားမှုမရှိခြင်း
🚫ဆေးလိပ်၊ အရက် သုံးစွဲခြင်း
🚫မျိုးရိုးလိုက်ခြင်း
🚫အိပ်ချိန် မလုံလောက်ခြင်းတို့ကြောင့် ဖြစ်ပါတယ်။
သွေးပေါင်ချိန်မတက်အောင် ဘယ်လို ထိန်းသိမ်းမလဲ?
🍀အစားအသောက်အနေနဲ့ အငန်နဲ့ ဆီပြန်အစားအစာတို့ကို လျော့စားပြီး အသီးအရွက်များများစားသုံးပေးပါ။
🍀ပုံမှန် ကိုယ်လက်လှုပ်ရှားမှုတစ်ခုခုကို နေ့စဥ် မိနစ် ၃၀ခန့်ပြုလုပ်ပါ။ (လမ်းလျှောက်ခြင်း၊ စက်ဘီးစီးခြင်း)
🍀စိတ်ဖိစီးမှုကို လျော့ချပါ
🍀အိပ်ရေးဝအောင် အိပ်စက်အနားယူပါ
🍀ဆေးလိပ်၊ အရက်တို့ကို ရှောင်ကြည်ပါ
🍀သွေးပေါင်ချိန်ကို ပုံမှန်တိုင်းတာပါ
🍀ကျန်းမာရေးစစ်ဆေးမှုကို ပုံမှန်ပြုလုပ်ပါ
🍀ဆရာဝန်ညွှန်ကြားချက်ကို လိုက်နာပါ
သွေးပေါင်ချိန် မြင့်နေခြင်းက လက္ခဏာမပြဘဲ အသက်အန္တရာယ်ထိခိုက်နိုင်တဲ့ Silent Killer တစ်ခုဖြစ်ပါတယ်။စောစောသိထားရင် ကာကွယ်နိုင်တာကြောင့် ပုံမှန်ကျန်းမာရေးစစ်ဆေးမှု ပြုလုပ်ဖို့မမေ့ပါနဲ့နော်။
…………………………………………………………..
We Care for Your Health.
ဗိုလ်တထောင်မြို့နယ်
အမှတ် (၁၃၇)၊ အနော်ရထာလမ်းနှင့် ၄၈လမ်းထောင့် (ပါရဂူဆေးရုံမျက်စောင်းထိုး)
09 882 881 740 / 09 882 881 750 / 09 882 881 760
တာမွေမြို့နယ်
အမှတ် (၁၆)၊ ကျိုက္ကဆံလမ်းနှင့် မအူကုန်းလမ်းကျယ်ထောင့် (အလုပ်သမားဆေးရုံအနီး)
09 420 010 788 / 09 420 010 789 / 09 420 100 178
